Wednesday 16 May 2012

ok

OKOKOKOK

ချစ်တယ်...မီးငယ်(CSH)


WHO ???

A – Accepts you as you are.
သင့်ကို အရှိအတိုင်းလက်ခံသူ

B – Believe in “you”
သင့်ကိုယုံကြည်သူ
...
C – Calls you just to say “Hi”
နေကောင်းရဲ့ လားဟု နှုတ်ခွန်းဆက်တက်သူ

D – Doesn’t give up on you.
သုံးမရပါဘူးဟု စွန့် ပယ်မပြစ်တက်သူ

E – Envisions the whole of you (even the unfinished parts)
သင့်လုပ်ဆောင်ချက်အားလုံး(မပြီးသေးသောအစိတ်အပိုင်းများအပါအ၀င်)ကိုမှန်း
မျှော်ပီတိဖြစ်နေသူ

F – Forgives Your mistakes.
သင့်အမှားများကို ခွင့်လွှတ်တက်သူ

G – Gives unconditionally.
ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတက်သူ

H – Helps you.
ကူညီဖေးမသူ

I – Invites you over.
နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တက်သူ

J – Just “be” with you.
သင်နှင့်အတူ ရှိနေသူ

K – Keeps you close at heart.
ရင်နှင့်အမျှ ရင်းနှီးသူ

L – Loves you for who are.
ဆင်းရဲချမ်းသာ မပါသော ချစ်ချင်းဖြင့် ချစ်ခင်သူ

M – Makes a difference in your life.
သင့်ဘ၀မှာ သူရှိနေသည့်အတွက်ထူးထူးခြားခြားဖြစ်စေသူ

N – Never judges.
ဘယ်တော့မှ အပြစ်ရှာဝေဖန်ခြင်းမပြုတက်သူ

O – Offers Support.
သင့်ဘက်မှ ရပ်တည်ထောက်ခံပေးသူ

P – Picks you up.
ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးသူ

Q –ူQuiets your fears.
ကြောက်ရွံ့ စိတ်ကို ပြေပြောက်စေသူ

R – Raises your spirits.
စိတ်ဓာတ်မြှင့်တင်ပေးသူ

S – Says nice things about you.
သင့်ကောင်းကွက်လေးများကို ရွေးချယ်ပြောတက်သူ

T – Tells you the truth when you need to hear it.
သင်က နားထောင်ဖို့ လိုအပ်တဲ့အခါ အမှန်ကိုပြောတက်သူ

U – Understands you.
သင့်ကိုနားလည်သူ

V – Values you.
သင့်ကိုတန်ဖိုးထားသူ

W – Walks beside you.
သင့်နံဘေးမှာ အတူလျှောက်လှမ်းပေးသူ

X – Xplains thing you don’t understand.
သင်နားမလည်သည့် အရာကို ရှင်းပြပေးသူ

Y – Yells when you won’t listen and
သူ့ စကားကိုနားမထောင်ပါက ( ဂရုနာဒေါသဖြင့် ) အော်တက်သူ

Z – Zaps you back to reality.
သင့်အား အမှန်တရားဘက်သို့ ပို့ ဆောင်ပေးသူ
See More

အချစ်အက္ခရာ A to Z


Accept (လက်ခံသည်)
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Care (ဂရုစိုက်ခြင်း)
တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။

Devoted (သစ္စာခိုင်မြဲသည်)
လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။

Enjoy (ကျေနပ်စွာခံစားသည်)
တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ ပျော်ရွှင်မှာဖြစ်တယ်။

Freedom (လွတ်လပ်မှု)
လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။

Give (ပေးဆပ်ခြင်း)
အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။ ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။

Heart (နှလုံးသား)
အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့ ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာ မဟုတ်ပါဘူး။

Independence (မမှီခို၊ အားမကိုးဘူး)
စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ" လို့ပြောတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။ တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။

Jealousy (မနာလို၊ သဝန်တို)
သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့ အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ်။

Kiss (အနမ်း)
အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။

Love (ချစ်တယ်)
ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက် အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ်။

Mature (ရင့်ကျက်)
တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?
အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့် မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ်။

Natural (ပင်ကို၊ ပကတိ)
ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး ဟန်ဆောင်နေတတ်ကြတယ်။ အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး ပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ်။

Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)
တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင် လုပ်နိုင်ပါတယ်။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင် လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။

Protect (ကာကွယ်စောင့်ရှောက်)
ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သဘာဝပါ။ ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊ မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ သူ့အရှက်မရဖို့၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။

Quarter (ခွင့်လွတ်သည်းခံ)
ခွင့်လွတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။ တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ ခွင့်လွတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။

Receive (လက်ခံ)
ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမှုအရာမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။ အဲဒီအပြုအမှုတွေက သူ့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက် ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။

Share (မျှဝေ)
တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး ဝတ္တရားပဲဖြစ်တယ်။

Tender (နူးညံ့)
အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။
အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။

Understand (နားလည်)
တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး ဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။

Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)
အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း ကိုယ့်ချစ်သူကို "အပြောသမား" တစ်ယောက် မဖြစ်စေချင်သလို သူကလည်း ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။

Wait (စောင့်သည်)
အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့ အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။

X (အမြှောက်သင်္ကေတ)
ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင် အချစ်ကအလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။

Yield (အလျော့ပေး)
နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။

Zero (စမှတ်)
အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့ ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့ မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်။
လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ အချစ်တာရှည်ခိုင်မြဲဖို့၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထား ရေးဖွဲ့ကြပါတယ်။ အချစ်အက္ခရာ A to Zကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့ ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။ အချစ်က ဘယ်တော့မှ ဘာသာပြန်ဆိုလို့ ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့် အဲဒီအချစ်တွေကိုပဲ ကျွန်မက ထပ်ဘာသာပြန်ဆိုပါတယ်။ အချစ်အက္ခရာ A to Z လက်ခံသည်ကပဲ စမှတ်စခဲ့ပါတယ်။ အားလုံး ချစ်နိုင်ကြပါစေ...

တကယ်ဘ၀မှာ စိတ်ချမ်းသာဖို့



၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။

(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။

(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။ ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။ မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။

(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို ရုန်းကန်ပြီး နေသွားကြတယ်။

(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့ အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။

(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ တစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။

(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။

(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာနိုင်တယ်။

(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့ သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။

(၁၂) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။

(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ် စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။ ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။

(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင် ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။

(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။

စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။ စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-

Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။

Brightness: အသိဥာဏ် တောက်ပြောင်တယ်။

Cheerfulness: ရွှင်လန်းတယ်။

Common sense: ပင်ကိုယ်ဥာဏ်ရှိတယ်။

Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။

Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။

Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။

Forgiveness: ခွင့်လွှတ်နိုင်တယ်။

Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။

Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။

Joyousness: ကြည်လင်ရွှင်လန်းတယ်။

Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။

Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။

Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။

Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။

Peacefulness: စိတ်ငြိမ်းချမ်းတယ်။

Power: စိတ်စွမ်းအားကြီးတယ်။

Productiveness: အလုပ်များများလုပ်နိုင်တယ်။

Wisdom: ဥာဏ်ပညာရှိတယ်။

ဒီစာလေးက ဆရာတော်ဦးဇောတိက တရားတွေထဲကပါပဲ အားလုံးအတွက်ဝေမျှပေးတာပါ။

လူတစ်မျိုးရှိသည်။။။။ လောကကြီးတွင် လူတစ်မျိုးရှိသည်....

ကိုယ်နှင့်အတူရှိနေသော အချိန်များတွင် အစားအသောက်ကောင်းများကို ကိုယ့်အတွက်
အမြဲချန်ထားတတ်ပြီး ရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့..အပြင်ထွက်လျှင် အစစအရာရာ
... သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို
ကိုယ်က နားပူသည်ဟု ထင်ထားခဲ့သော်လည်း စိတ်ထဲတွင်မူ
နွေးထွေးသော မေတ္တာကိုခံစားရသည် ။ ကိုယ်မုန့်ဖိုး လိုသောအချိန်

လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှ ခက်ခဲကြောင်း ။ ပိုက်ဆံ၏
တန်းဖိုးကို ပြောပြတတ်သည် ။ ပါးစပ်က တပျစ် တောက်တောက် ရေရွတ်နေသော်လည်း လက်က
ပိုက်ဆံ ကမ်းပေးနေတတ်သည်။

ထိုလိုလူမျိုးကို (မိဘ) ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်.....
အမှားနဲ့ အမှန်ကို ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီး
သားသမီး အရင်းချာကဲ့သို့ ပဲ့ကိုင်လမ်းညွှန်တတ်သည် ။ စည်းကမ်းတွေ ချမှတ်ပေးတတ်ပြီး ဗဟုသုတ များ
မျှဝေပေးတတ်သည်.။

ဆူပူ ကြိမ်းမောင်းခြင်းမှာလည်း လူတော်လူကောင်းဖြစ်စေချင်သော
စေတနာ သာလျှင်ဖြစ်သည်။
ထိုလူမျိုးကို(ဆရာ)ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်....
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်း လုတတ်သေးသည်။ကိုယ့်ဝေစုကို

လုစားတတ်ပြီး မိဘကိုလည်း အတိုင်အတော လုပ်တတ်သေးသည်။သို့သော် ကိုယ့်ကို
တစ်ခြား လူများ ထက်ပိုချစ်တတ်ပြီး ပိုဂရုစိုက်တတ်သည်။ အရေးကြုံပါက သွေးနီးကြသည်။

ထိုလူမျိုးကို (မောင်နှမ)ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်....
မတွေ့ မမြင်ရလျှင် လွမ်းနေတတ်ပြီး တွေ့ပြန်လျှင်ရင်တွေခုန်ကာ
ဆွံ့အ နေတတ်သည်။ စိတ်ထဲ အတွေးထဲတွင် အမြဲလွှမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင်လည်း အိမ်မက်ထဲထိ
ကြီးစိုးနေတတ်သည် ။ ကိုယ့်အတွက် အလှပဆုံးနှင့် အချိုမြိန်ဆုံး ပန်းသီးလေး
တစ်လုံးလိုပင်။ ထိုလူမျိုးကို (ချစ်သူ)ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်...
တစ်ခြားလူ မသိသော ကိုယ်၏ လျှို့ ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမ၇သော အချိန်တွင်

ရှင်းပြတတ်ပြီး ကိုယ်အမှားလုပ်မိသော အချိန်တွင် ကိုယ်ဘက်မှ ရပ်တည်ပြီး
ဝန်ခံပေးတတ်သည်။
အားငယ်သောအချိန်တွင် အားပေးတတ်ပြီး ဝမ်းနည်းနေသည့် အချိန်များတွင်
နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူက မေ့နေတတ်သည်။ အဆင်မပြေသော အချိန်များတွင်
ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည် လက်ရှည် နားထောင်ပေး တတ်သည်။ ကိုယ်နှင့်အတူရှိနေမည့် အချိန်များက

ချစ်သူတစ်ယောက် ထက်ပင် ကြာရှည် ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို(သူငယ်ချင်း)ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်..
မိဘ၏ ဆိုဆုံးမမူနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏

သွန်သင် ဆုံးမမှု အောက်တွင် အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏
ချစ်ခင်မူအောက်တွင် စည်းလုံးခြင်းတွေ ရယူတတ်လာခဲ့သည်။ ချစ်သူ၏ ကြင်နာယုယမှုအောက်တွင်

အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏ ကူညီမူအောက်တွင် ဘဝ၏
တက်လမ်းကို ရွေးချယ်တတ်လာခဲ့သည် ။ ထိုသူများသည် ကိုယ့်ဘဝထဲသို့ ဧည့်သည် တယောက်လို ဝင်လာကြသည်။
အချိန်တန်လျှင် ထွက်သွားကြသည်။ သူတို့သည် ဘဝကို အသိဥာဏ်နှင့် ဗဟုသုတ
တိုးပွားအောင် ကူညီပေးကြသည်။ ဘဝကို ပျော်ရွှင်မူများဖြင့် စိုပြည်စေခဲ့သည် ။ ထိုသူများကို
ကျေဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ပြောဖို့ တစ်ခါတစ်ရံတွင် မေ့နေတတ်သည်။
ထိုလူမျိုးမှာ (ကိုယ်ကိုယ်တိုင်) ပင်ဖြစ်ပါသည် ။

This ship is my mother ship...(M.V.Four Kitakami)